Gold Channel Movies. Powered by Blogger.

Carousel Display

Full Width CSS

Contact Us

Name

Email *

Message *

Slider

Total Viwers

Blog Archive

About Pro Video

Fictions Enroll

PageNavi Results No.

Recent Posts

Recent Posts Widget

Search Movies

Most Viewed

Welcome To Sora Films

Recent Videos

The Admiral: Roaring Currents (2014) မြန်မာစာတန်းထိုး






မင်္ဂလာပါ ပရိသတ်ကြီး၊ သမိုင်းဝင်စစ်ပွဲတွေကို အခြေပြုပြီး ၇ိုက်ကူးထားတဲ့ အာရှရုပ်ရှင်ကား တွေဟာ ခုနောက်ပိုင်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ နေရာကောင်းတစ်ခု ရယူလာနိုင်ပြီဖြစ်ပါတယ်။ အဲဒီလို
စစ်ကားကောင်းကောင်းလေးတွေအများကြီးထဲကမှ... The Admiral ဆိုတဲ့
Korean Movie တစ်ခုကို. ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။
ရုပ်ရှင်ဝေဖန်ရေးသမားအချို့က..The Admiral ဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အကောင်းဆုံးသော သမိုင်းဝင်ရုပ်ရှင်ကား တစ်ကား ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကို လွန်လွန်ကျူးကျူး ညွှန်းဆို ထားကြပါတယ်။ တစ်ဖက်က ကျွန်တော်တို့ လိုပဲ Lao Tzu တို့ Zhuge Liang တို့လို Strategist တွေအကြောင်း စိတ်ဝင်စားတတ်ကြတယ်ဆိုရင် The Admiral ရဲ့ ဇါတ်ကောင် Yi Sun-Sin လို
Korea ရဲ့ နာမည်ကျော် စစ်သေနာပတိ တစ်ဦးကိုလဲ လေ့လာတွေ့ရှိကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီ ဇါတ်လမ်းမှာ 1597 ခုနှစ်က Korea သမိုင်းဝင် နာမည်ကျော် မြောင်ဂါယန်း တိုက်ပွဲ (Battle of Myeongryang)မှာ Japan ရေတပ်အင်အား အဖွဲ့ပေါင်း 330 ကို ကျန်ရှိတဲ့စစ်သင်္ဘော ၁၂ စီးနဲ့ Admiral Yi တစ်ယောက် ဘယ်လိုခုံခံတိုက်ခိုက်ခဲ့တယ် ဘယ်လို နည်းဗျူဟာတွေကို အသုံးပြုခဲ့တယ်... ဆိုတာကို ပရိသတ်ကြီး ရှုမြင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ။
Drama ပိုင်နိုင်တဲ့ Korean တွေရဲ့ သမိုင်းဝင်တိုက်ပွဲတစ်ခုကို ဘယ်လိုဖော်ကျူးထားတယ်ဆိုတာ ခံစားကြည့်ရှုပေးပါဦးခင်ဗျ။
Translator Hnin Hnin မှ Goldchannel ပရိသတ်ကြီးအတွက် မြန်မာဘာသာ ပြန်ဆိုထားပြီး Encoder Bro Hein Min Htet မှ... အဆင်ပြေကောင်းမွန်စွာကြည့်ရှုခံစားနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Review by: Gemini Sugar
Translate by: Hinin Hnin
Encode by: Hein Min Htet



Watch & Download Here 800MB

The BFG (2016) မြန်မာစာတန်းထိုး


(Up to Date မြန်မာစာတန်းထိုး Movie တွေကို အချိန်နှင့်တပြေးညီအမြဲတင်ဆက်ပေးနေတဲ့ Goldchannel ရဲ့ ထုံးစံအတိုင်း Goldchannel ပရိတ်သတ်ကြီး အတွက် အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ရုံတင်ကားကြီး The BFG ကို ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ရပါတယ်.။ မနေ့ကမှ အကြည်ထွက်လာတာနဲ့ အမြန်ဆုံးဆိုသလို့ fanတွေလက်ထဲရောက်စေချင်တာ gold channelရဲ့ စေတနာတခုပါခင်ဗျာ။
…………………………………………………
ပေ50လောက်ရှိတဲ့ Bfgနဲဆယ်နစ်သမီးလေး ဆိုဖီတို့ရဲ့ကြောင်းလေးကိုဇာတ်အိမ်တည်ထားတဲ့ magicဆန်ဆန် family ကားကောင်းလေးတခုဖြစ်တာမို့ လူကြီးရော ကလေးတွေပါ အရမ်းကြိုက်နှစ်သက်စေမှာပါ။
imbd 6.7/10ရထားပြီး 2016ရဲ့ ကားကောင်း1 to 10အတွင်းပါဝင်ထားတဲ့ ကားတခုလည်းဖြစ်တာမို့ လက်လွှတ်မခံသင့်တဲ့ကားတခုဖြစ်ကြောင်းအသိပေးလိုက်ပါရစေ။

လန်ဒန်မြို့က မိဘမဲ့ဂေဟာ က ကလေးမလေးဆိုဖီဟာ တစ်ရက်မှာတော့ ညဘက်အိပ်နေတုန်း ပြတင်းပေါက်ကို ကြည်ရာမှ လက်အကြီးကြီးတစ်ခု ပြတင်းပေါက်က၀င်လာပြီး လူဘီလူးနိုင်ငံကို ခေါ်ဆောင်သွားကာ လှောင် အိမ်တစ်ခုထဲမှာ ထည့်ထားခံရပါတယ်။ လူဘီလူးကြီးရဲ့ ဖမ်းခေါ်ခြင်းခံရတဲ့ ဆိုဖီဟာကြောက်ရွံ့ ထိတ်လန့်ပေမယ့် သူ့ကိုဖမ်းခေါ်သွားတာက BFG ဖြစ်နေတာမို့ စိတ်သဘောထားကောင်းပြီး ကြင်နာတတ်တာကိုသိရှိပြီးတဲ့နောက် မိတ်ဆွေဖြစ်သွားခဲ့ကြပါတယ်။

BFG က ဆိုဖီကို သူ့အိပ်မက် တွေ စုဆောင်းထားတဲ့ အိပ်မက် နိုင်ငံကိုခေါ်ဆောင်သွားခဲ့ပြီး ပဉ္စ လက်ပညာတွေနဲ့ အိပ်မက်တွေရဲ့ ထူးဆန်းအံ့ဖွယ်ရာတွေကို သင် ကြားပေးခဲ့ပါတယ။် ဆိုဖီနဲ့ BFG တို့ဟာ ကိုယ်ပိုင်ကမ္ဘာလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပေမယ့် တစ်ရက်မှာတော့ အဖျက် အမှောင့်တွေက ပေါ်လာပါတော့တယ်။ အဲဒါကတော့ လူဘီလူးနိုင်ငံမှာ ဆိုဖီရှိနေတာကို သဘောမကျသူတွေက ဒုက္ခပေးကြတာ ဖြစ်ပါတယ်။

နောက်ပြီး လူဘီလူးကြီးတွေ ဟာ အိပ်နေတဲ့ ကလေးတွေကို စားသောက်ဖို့ အစီအစဉ်တွေရှိ တာကို အိပ်မက်မက်တဲ့အတွက် အဲလိဇဘတ် II ဘုရင်မကြီးဆီကို သွားပြီး သူတို့ရဲ့ အိပ်မက်ဆိုးကို ပြောပြအကူအညီတောင်းဖို့ ဆိုဖီ ကအကြံရခဲ့ပါတယ်။ အိပ်မက်ဆို ပေမယ့် အပြင်မှာတကယ်ဖြစ်လာ ဖို့ အခြေအနေရှိနေတာကြောင့် အဲလိဇဘတ်ဘုရင်မကြီးက ဘယ်လိုကာကွယ်သွားမှာလဲ။ ဆိုဖီနဲ့ BFG တို့ကော ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်းမှာလဲဆိုတာ တော့ ကိုယ်တိုင်ကြည့်ကြဖို့ ညွှန်း ပေးလိုက်ပါတယ်။

Review by: Hein Min Htet
Translated by: Chue Thinzar Naing
Encode by:Sinn Sinn



A.I. Artificial Intelligence (2001) မြန်မာစာတန်းထိုး

A.I. Artificial Intelligence (2001) မြန်မာစာတန်းထိုး

မေမေရေ
မေမေ. . .။
ပန်းကလေးတွေဟာ
နေမင်းရဲ့  အလင်းအောက်မှာ
မွှေးပွင့်လို့။
လမင်းကလေးရဲ့  အလင်းတွေဖြာနေတဲ့
ရောင်ခြည်မြစ်ပြင်ထဲမှာလည်း
အေးမြတဲ့ ရေစက်တွေ
စီးနေလို့ ။
မေမေရဲ့ 
မေတ္တာနဲ့ ပွင့်တဲ့ နှု တ်ခမ်းကလေးမှာလည်း
သားကိုချော့တဲ့ တေးကလေးတွေ
သီဖွဲ့လို့ ။
မေမေကို လွမ်းတဲ့ သားမျက်ရည်တွေ
မေမေရှိရာဆီ စီးဝင်သွားရင်
သားသိပ်ပြီးပျော်မိမှာပဲ
သားရှိရာ အပြေးလာ
မေမေလက်ကမ်း
မေမေအပြုံးပန်းကလေးနဲ့ ဟောဒီ
သားပါးကလေးကိုပါ နမ်းခဲ့ရင်
သား အငိုတိတ်ပြီး
လွမ်းလိုက်တာမေမေရယ်လို့ တိုးတိုးတိတ်ရေရွတ်
မေမေရဲ့ ရင်ခွင်ရိပ်ထဲ
သားပုန်းအိပ်မိတော့မှာပေါ့ ။
မေမေရှိတဲ့ကမ္ဘာဟာ
သားအနာဂတ်ကောင်းကင်ငယ်ပါ
မေမေပြောတဲ့ပုံပြင်ဟာ
သားအတွက် ဆောင်ပုဒ်ငယ်တစ်ခုပါ ။
တကယ်ဆို
ဟောဒီမျှော်လင့်ချက်တံစက်မြိတ်ရိပ်အောက်
ပျောက်ဆုံးလို့ ရှာဖွေနေတဲ့အရာကလည်း
ဝေးတစ်မြေက
သားမေမေ နဲ့ တွေ့ဆုံဖို့ အခွင့်အရေးကလေးပဲ
ဖြစ်ပါရဲ့ ။
တစ်နေ့တော့
မေမေရှိရာ ကောင်းကင်ဘက်ခြမ်း
ငှက်တစ်ကောင်လိုအော်ဟစ်ပျံသန်းပြီး
မေမေပါးကို တစ်ခါကလို
နမ်းကြူ ခွင့်ရဖို့
သားပြန်လာခဲ့မှာပါ မေမေ ။
-------
21 ရာစု နောက်ပိုင်းတွင် ကမ္ဘာကြီး၏ သက်ဝင်လှု ပ်ရှားမှု အခြင်းအရာများသည် လုံးဝပြောင်းလဲသွားပေပြီ ။လူသားများ၏ နေထိုင်ဖြစ်တည်မှု ပြသာနာများကို အတတ်နိုင်ဆုံး ကျုံ့ ဝင်လွယ်ကူလာစေရန် သိပ္ပံပညာရပ်များကိုအသုံးပြု ပြီး ဖြေရှင်းရန် အားထုတ်လာခဲ့ကြသည်။ဆန်းပြားသော လက်နက်များ စက်တပ်ယာဉ်များ ။ရို့ ဘော့စက်ရုပ်များ စသဖြင့် လူသားကမ္ဘာအတွက် အထောက်အကူရစေနိုင်သည့် စက်ပစ္စည်းများ အလျှံအပယ် ပေါ်ပေါက်လာသည်။ထိုစက်ယန္တရားများဖြင့်လည်း လူသားကမ္ဘာ၏ ပြသာနာအများစုကို ဖြေရှင်းနိုင်မည်ဟု ပညာရှင်အများစုကယူဆထားကြ၏။
ယခုအခါတွင် ကုမ္ပဏီအမျိုးမျိုးပေါ်ပေါက်လာပါပြီ။သူတို့ထံတွင် ဝန်ဆောင်မှု အမျိုးမျိုးကိုလုပ်ဆောင်ပေးမည့် စက်ရုပ်များအား ရောင်းချရန် ရှိနေကြ၏။ခလေးထိန်း နာနီစက်ရုပ်လိုချင်သလား ။ချစ်သူမရှိသဖြင့် ခန့်ထည်ချောမောသော ယောကျာ်းစက်ရုပ် မိန်းမစက်ရုပ် လိုချင်ပါသလား ။အခြားသော တောက်တိုမယ်ရ ကိစ္စရပ်များကို ခိုင်းစေရန် အလုပ်သမားစက်ရုပ်တွေရော အလိုရှိပါသလား ။လူသားနှင့်မခြား အသိဥာဏ်ရှိပြီး တုံ့ပြန်မှု ရှိသော စက်ရုပ်များကို ဝယ်ယူအသုံးပြု နိုင်ပြီဖြစ်ပါသည်။
Henry တို့မိသားစုက သူတို့သားကလေး Martin အဖော်ရစေရန်အတွက် စက်ရုပ်ကုမ္ပဏီကနေ ရွယ်တူ David ဟု နာမည်ပေးထားသည့် စက်ရုပ်တစ်ရုပ် ဝယ်လာခဲ့သည်။Davidကို Henry ဇနီး Monica က ပိုပြီး သဘောကျခြင်းဖြစ်ပါသည်။
David ကို တီထွင်ထားမှု မှာ လက်ရာမြောက်လွန်းးလှသည်။မျက်လုံးကလေးက ဝိုင်းဝိုင်းစက်စက်ကလေး ။လပြည့်ဝန်းကလေးနှင့်တောင် တူနေသေးသည်။နှု တ်ခမ်းကလေးက မာမီဟူသော ခေါ်သံကလေးကပိုပြီး ချစ်စရာကောင်းခြင်းကို ထပ်မံဖြည့်စွက်ထားသလိုမျိုး ။David သည် သူမေမေအသစ်ကလေးကို စတွေ့တွေ့ခြင်းပင် ချစ်ခင်တွယ်တာသွားရှာသည်။မေမေလက်ကလေးကို ဆုပ်ကိုင်ထားပြီးတော့ မေမေအပြုံးကို မော့ကြည့်ရတာ အရမ်းကြည်နူးဖွယ်ကောင်းလွန်းပါသည်။
မေမေက ညဆိုလျှင် သူတို့ကို ပုံပြင်တွေလည်းပြောပြတတ်၏ ။သူနှင့်ညီအစ်ကိုဟုပြောထားသည့် Martin ကတော့ သူ့အပေါ်ဆက်ဆံမှု မှာ သာမန်အိမ်မွေးတိရစ္ဆာန် အဆင့်ထက်မပိုချေ ။မင်းကလူမဟုတ်ဘူးကွ လို့ သူ့ကို ပြောလေ့ရှိ၏ ။သူ့ဖေဖေကလည်း Martin နှင့်သိပ်မထူး ။အမြဲတစ်စေ သံသယမျက်ဝန်းများနှင့် သူ့ကို စောင့်ကြည့်လေ့ရှိသည်။သူသည် လူသားမဟုတ်သဖြင့် ယုံကြည်၍ ရသော အရာမဟုတ်ကြောင်း ။သတိလက်လွတ်မထားသင့်ကြောင်းစသဖြင့် သူ့အပေါ်မလိုလားသော စကားလုံးများနှင့် ပစ်ပေါက်လေ့ရှိ၏။
သူကတော့ ဘာမှနားမလည်ပါ ။မေမေအနားမှာ နေရလျှင် သိပ်ပျော်သည်။မေမေထွေးပွေ့မှု ကို ခံရလျှင် ကြည်နူးရသည်။ထို့ကြောင့် မေမေအနားမှာပဲ နေချင်သည်။မေမေအပြုံးကလေးကိုပဲ ကြည့်ချင်ပါသည်။အဲဒီစိတ်ကလေးပဲရှိပါသည်။
တစ်နေ့တွင် Martinတို့နှင့် ကစားရကနေ Martin တို့က ရန်စအနိုင်ကျင့်ရာကနေ ရေကူးကန်ထဲပြု တ်ကျကုန်ကြသည်။သူက ကြောက်အားလန့်အားဖြင့် Martinကို လှမ်းဆွဲရာ ရေနစ်သလို ဖြစ်သွား၏။သူ့အဖေက Martinကို လာဆယ်ယူသွားသည်။David တစ်ယောက်တည်းသာ ရေအောက်တွင် ကျန်ခဲ့ရှာသည်။
အဲဒီကိစ္စဖြစ်အပြီးမှာ ဖခင်ကြီး Henry သည် အမိန့်တစ်ခု ချမှတ်လိုက်တော့၏ ။David ကို စွန့်ပစ်ရန် ။Monica က တားမြစ်သော်လည်း မရခဲ့တော့ ။ညကာလတစ်ခုတွင် David ကို တောစပ်တစ်နေရာတွင် ထားပစ်ခဲ့တော့သည်။ David နှင့်အတူ ဝက်ဝံရုပ်ကလေး Teddy တို့ ကျန်ရစ်ခဲ့လေသည်။David နှု တ်ဖျားကမူ မေမေရေ မေမေရေ ဟု အော်ဟစ်လျက် ။သူသည် စက်ရုပ်ဖြစ်၍ မျက်ရည်မကျတတ်သော်လည်း စိတ်ထဲတွင်မူ ဝမ်းနည်းစွာ ခံစားနေရသည်။
အပြင်ဘက်တွင် စက်ရုပ်ဖမ်းပွဲကြီး ကျင်းပနေသည်။အချို့ သော လူသားများသည် စက်ရုပ်များ လူသားကမ္ဘာတွင် နေရာယူလျက်ရှိသည်ကို ဆန့်ကျင်ကြသည်။ထို့ကြောင့်ပင် လိုင်စင်သက်တမ်းကုန်စက်ရုပ်များ ။စွန့်ပစ်စက်ရုပ်များကို စက်ယန္တရားများဖြင့် ဖမ်းဆီးက ဖျက်ဆီးပစ်ကြသည်။တောထဲတွင် လမ်းလျှောက်နေသော David ကလေးလည်း အဖမ်းခံလိုက်ရသည်။
ပွဲတော်သို့ရောက်ရှိသောအခါတွင် သူ့လိုမျိုးဖမ်းဆီးခံထားရသော ဘဝတူစက်ရုပ်များကို တွေ့ရလေသည်။ခလေးထိန်းနာနီစက်ရုပ်က သူ့ကို မြင်လိုက်ချိန်တွင် ပြုံးပြ နှု တ်ဆက်သည်။သူ့ကို မြင်မြင်ခြင်းချစ်ခင်သွားကြသည်။ထို့နောက် လူသားများသည် တစ်ယောက်ပြီးတစ်ယောက်ထုတ်ယူကာ လူသားများအား ကွပ်မျက်သကဲ့သို့ ကြိုးချည်ကာ ခြေ လက် များကို ဖြတ်ပြီး သံရည်ပူကန်ထဲသို့ ပစ်ထည့်ကြသည်။David အလှည့်သို့ရောက်ချိန်တွင် ထုံးစံအတိုင်း မျက်လုံးဝိုင်းကလေးနှင့် ငေးကြည့်နေလေသည်။အောက်က လူသားများသည် သူ့ကို စက်ရုပ်ဟု မထင်ကြ။လူသားဟုပင်ထင်မှတ်ကြ၏။ထိုအခါ ကွပ်မျက်ပွဲတော်သည် ရုန့်ရင်းဆန်ခတ် ဖြစ်ကုန်တော့၏ ။
David သည် လူရှု ပ်စက်ရုပ် Joe (Jude Law) နှင့်အတူ လိုက်ပါသွားသည်။သူက အဲဒီလူသားများကို ရှောင်တိမ်းဖို့ ပြောပြသင်ကြားပေး၏။သူ Programသည် အဓိက မိန်းမရှု ပ်ပွေဖို့ရာသာ ဖန်တီးထားခြင်းဖြစ်၍ အခြားစိတ်မဝင်စားပေ။David က သူမေမေနှင့် ဆုံတွေ့ ဖို့ရာ ။နောက်တစ်ခုက လူသားဖြစ်ဖို့ရာပဲ စိတ်ဝင်စားသည်။သူလူသားဖြစ်ချင်သည်။လူသားမဟုတ်ခဲ့သဖြင့် မေမေထံပါးကနေ ထွက်ခွာခဲ့လာခဲ့ရ၏ ။သူသာလူသားဖြစ်ခဲ့လျှင် မေမေအနားကို ပြန်ခွင့်ရပေမည်။တကယ်တော့ မေမေပြောခဲ့သည့်ပုံပြင်အရ အပြာရောင်မိခင်နတ်သမီးကသာ သူလူသားဘဝကို ပြောင်းလဲနိုင်မည်ဟု စွဲမှတ်ထားမိ၍ အဲဒီနတ်သမီးနှင့် ဆုံတွေ့လိုသည်။လူသားအဖြစ်ပြောင်းလဲနိုင်မည့် မည်သူ့ကိုမဆို သူတွေ့ဆုံလိုပါသည်။ထိုအခြင်းအရာများကို Joe အား ပြောပြသောအခါ Joe အံ့သြသွားသည်။စက်ရုပ်များထဲတွင် သူလိုစက်ရုပ်မျိုး မတွေ့ဘူးခဲ့ ။Davidကို ဖျောင်းဖြသော်လည်း မရသောကြောင့် David အတွက် အကြံဥာဏ်ပေးနိုင်မည့် အထူး Program များနှင့် ဖွဲ့စည်းထားသော ခလေးကစားကွင်းထဲက Dr .Know အရုပ်ကြီးထံ အကူအညီတောင်းရန် အကြံပေး၏။
David မေးမြန်းခဲ့ပါသည်။ကျွန်တော်လူသားဖြစ်ချင်တယ် ။ဘယ်လိုလုပ်ရမလဲဟု မေးမြန်းသောအခါတွင် အရာရာတိုင်းကို သိပ္ပံနည်းကျဖြေဆိုနိုင်သော စက်ရုပ်ကြီးသည် ခေတ္တပင်ရပ်ဆိုင်းသွားရ၏။ပြီးမှ သူ့ကို ဖန်တီးခဲ့သော ပရော်ဖက်ဆာကြီးထံ မေးမြန်းရန် ပြောကြားပြီး အဲဒီလူ၏နေထိုင်ရာ လိပ်စာကို ပြောကြားခဲ့၏။
David ပရော်ဖက်ဆာကြီးနှင့်တွေ့ချိန်တွင်လည်း သူ၏ ဆန္နကို ဖြည့်ဆည်းမပေးနိုင်ခဲ့ပါ ။သူသည် ဖန်တီးထားသောစက်ရုပ်တစ်ရုပ်သာဖြစ်ကြောင်း ။နှစ်သိမ့်ပြီး သူလို ပုံပွား စက်ရုပ်များကို ပြသခဲ့၏ ။David အပြန်လမ်းတွင် သူတို့ယာဉ်မှာ ပျက်ကျကာ ရေအောက်သို့နစ်မြု ပ်သွားခဲ့၏။
အဲဒီနောက် ရာစုတစ်ခုမျှ ကြာသွား၏။နှစ်ပေါင်းနှစ်ထောင်မျှ ကြာသွားသည် ။ကမ္ဘာကြီးသည် လူသားများမရှိတော့ ။နေရာအနှံ့အပြား ရေခဲလွင်ပြင်ကြီးဖြစ်သွား၏။လက်ရှိပုဂ္ဂို လ်များကလည်း အဆင့်မြင့် Data များဖြင့် ဖန်တီထားသည့် ပုဂ္ဂို လ်များဖြစ်နေပါပြီ ။သူတို့သည် ရေအောက်က David ကလေးကို တွေ့သွားကြသည်။သူ့ကို ထိတွေ့ပြီး David ၏ Data များကို Download ရယူလိုက်သောအခါတွင် Davie ၏ သနားဖွယ်လိုအင်များကို သိရှိသွားကြသည်။David လှု ပ်နိုးလာသောအချိန်တွင် သူတို့သဏ္ဍာန်ကို အပြာရောင်နတ်သမီးအသွင် ပြောင်းလဲလိုက်ကြ၏ ။ထိုအခါ David ကလေး ပျော်ရွှင်သွားပြီး အပြာရောင်နတ်သမီးထံ လူသားဖြစ်ခွင့်နှင့် မိခင်နဲ့ ဆုံတွေ့ခွင့်ကို တောင်းခံလေသည်။နတ်သမီးလေးက စိတ်မကောင်းစွာဖြင့် သူမေမေထံက DNA လို ပစ္စည်းတစ်ခုခု ရှိမှ တွေ့ ဆုံခွင့်ရမည်ဖြစ်ကြောင်း ပြန်လည်ရှင်းပြသည်။
Davidဆီမှာ မေမေထံက အစိတ်အပိုင်းတစ်ခုမှရှိမနေခဲ့ပါ ။ထိုအခါတွင် ဝက်ဝံစက်ရုပ်ကလေး တက်ဒီက David အခန်းထဲမှာ မေမေကို ဘီးဖီးပေးနေစဉ် ကျန်ခဲ့သည့် ဆံပင်ကလေးကို David အား အိတ်ကပ်ကလေးထဲကနေ ထုတ်ပေးလိုက်လေသည်။
မေမေကို ပြန်တွေ့ခွင့် ရပြီပေါ့ ။
---------------------
ယခုရုပ်ရှင်ကို ကြည့်ပြီးချိန်တွင် ကျွန်တော့်မျက်လုံးဝတွင် မျက်ရည်တွေရစ်ဝဲခဲ့ပါသည်။ထိုင်ရာကနေ မထနိုင်ခဲ့ ။တစ်ခါမှသတိမရခဲ့သော သတိရဖို့ရာမစဉ်းစားမိခဲ့သော မေမေကို ချက်ချင်းလွမ်းမိသွား၏။သတိရကောင်းမှန်း သိသွားသည်။ထိုအခါ ငယ်စဉ်ကာလက မေမေ ချီပိုးပေးခဲ့တာ ။ပုံပြင်တွေပြောပြပေးခဲ့တာ တွေသတိရလာပြီး ဝဲနေသော မျက်ရည်စသည် လူငယ်ဘဝရောက်နေပြီဖြစ်သော ကျွန်တော့်ပါးပြင်ပေါ် စီးကျလာခဲ့ရ၏ ။
မေမေ ဆိုသော မိခင်သည် သက်ရှိဘုရားတစ်ပါးဟု ဆိုရလျှင် လွန်မည်မထင်ပါ။မေမေကသာ ကျွန်တော်တို့အားလုံးကို လူလားမြောက်အောင် ဖန်တီးပေးခဲ့တာ မဟုတ်ပါလား ။မေမေမေတ္တာကြောင့်သာ ကျွန်တော်တို့လူဖြစ်လာရခြင်းမဟုတ်ပါလား ။
ကျွန်တော်တို့ကသာ မိဘ၏ မေတ္တာကို သတိရခွင့် ဖော်ကျူးခွင့်ရသေးသည်။သက်ရှိထင်ရှားမရှိတော့သော မိဘမဲ့ခဲ့ရသော သားသမီးများဆိုလျှင် မည်မျှ လွမ်းဆွေးဝမ်းနည်းဖွယ် ကောင်းလိုက်မည်လဲ။တကယ်ဆို မေသမိခင် မေသဖခင်နှင့် အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရသော ကာလသည် ဖြတ်သန်းပြီးဆုံးရမည့် ဘဝအချိန်အခါတွင် အလှပဆုံး အခိုက်အတန့်တစ်ရပ်ဖြစ်ပါသည်။ထိုကာလသည် သက်ရှိထင်ရှားရှိချိန်မှာပဲ ရရှိနိုင်ပါမည်။ပျော်ရွှင်ရပါမည်။
အချို့ သော လူသားအများစုတွင် မိဘမေတ္တာလည်း မရရှိခဲ့ရ ။မိခင်ဘယ်သူမှန်းမသိ ဖခင်ဘယ်သူမှန်းမသိ ။မသိခြင်းများစွာဖြင့် ကြီးပြင်းလာခဲ့ကြရသည်။ထိုအခါ လှပသော မေတ္တာတရားရောင်ခြည်၏ ပိုက်ထွေးမှု ကို မခံခဲ့ကြရ ။ဝမ်းနည်းသနားဖွယ်ကောင်းလွန်းပါသည်။
လူသတ်လက်နက်များ ဆန်းပြားသော စက်ယန္တရားများ စက်တပ်ယာဉ်များ စသည်တို့ဖြင့် ကမ္ဘာကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မည်ဟု တွေးထားပါသလား ။ယုံကြည်ပါသလား။
မေတ္တာတရားတစ်ခုသာ အကောင်းဆုံး ကာကွယ်ရာဖြစ်ပါသည်။
ယခု ရုပ်ရှင်၏ ကောင်းခြင်းဆိုးခြင်းကို ကြည့်ဘူးသူတိုင်း အသိပဲဖြစ်ကြမှာပါ။ဒါရိုက်တာကြီးစပီဘာ့ခ် ကိုယ်တိုင် ဖန်တီး ရိုက်ကူးခဲ့သည်။သရုပ်ဆောင်တွေကလည်း ကြည့်လိုက်ပါဦး David အဖြစ် သရုပ်ဆောင်သွားတဲ့ ကောင်လေးက The Sixth Senseလို ဇာတ်ကားမျိုးမှာ မင်းသားကြီး ဘရုဝီလီနှင့် အပြို င်သရုပ်ဆောင်ထားနိုင်သော
Haley Joel Osment ဖြစ်ပါသည်။နောက် Jude Law တို့လို သရုပ်ဆောင်တွေလည်း ပါဝင်ထားသေးသည်။အော်စကာနှစ်ဆု ဆန်ကာတင်ခဲ့၏။ သို့ရာတွင် The Lord Of The Rings ရုပ်ရှင်၏ နောက်ကောက်ချခြင်းကို ခံခဲရသည်။
Review က ခံစားမှု စာစုဖြစ်၍ Spoiler ဖြစ်သွားတာ ဆောရီးပါဟုပြောရင်း

Credit to-Admin E(International Movie News)
Translate by: Htaung At
Encode by: Sai Ko Ko
Quality -1080P BR-RIp
File Size 1 Gb


The King and The Clown (2005) မြန်မာစာတန်းထိုး 18+




****************************************
လူ့အခွင့်အရေး အတွေးအခေါ်၊ အပြောင်းအလဲနဲ့ပါတ်သက်လာရင် Korean တွေဟာ. အခြားသော အာရှသားတွေထက် အမြဲလိုလို ခြေတစ်လှမ်းစောပြီး တော်လှန်တတ်လေ့ ရှိတာကို ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ နဖူးတွေ့ဒူးတွေ့ သိရှိနေခဲ့ရပြီးဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ လွန် ခုနှစ်များဟာ.. အရှေ့တိုင်းနိုင်ငံအတော်များများမှာ လိင်တူချစ်ခွင့်ဆိုတာ ကြားတာနဲ့တင် နှာခေါင်းရှုံ့နေကြဆဲဖြစ်နေကြတဲ့အချိန်မှာ.. Korean တွေဟာ Gay right တွေ ကိုရဲရဲဝံ့ဝံ့ ချပြနေခဲ့ပြီး သတိထားမိရသလောက် Korea ပြီးရင် နောက်က ဒုတိယ ကပ်လိုက်တာ အနောက်တိုင်းယဉ်ကျေးမှု အတော်များများ မွေးစားလေ့ရှိတဲ့ အယုဒ္ဓယ ပါပဲ။ လူ့အခွင့်အရေးကို အလေးပေးတန်ဖိုးထားတတ်ကြတဲ့သူတွေအတွက် Gay ဆိုတာ ပြသာနာ တစ်ခု မဟုတ်ပေမယ့်.. .. လိင်ပညာပေး အားနည်းတဲ့ အထူးသဖြင့် Human Right ရယ်လို့ ဟုတ်တိပါတ်တိ လှုပ်ရှားမှုအားနည်းတဲ့ နေရာဒေသတွေမှာ.. Gay ပြသာနာ ဟာ ... မိဘမျက်နှာ အိုးမည်းသုတ်တာ နီးနီးလောက်ကို Risk ကြီးပါတယ်။ အမှန်တကယ်တမ်း Gay ဖြစ်ခြင်းဟာ. ရှက်စရာတစ်ခုမဟုတ်သလို .. ဘေးပါတ်ဝန်းကျင်အနေနဲ့လဲ... ဒါဟာ အထူးတလည် သတိထား စကားတင်းဆိုနေရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူး။ အတင်းကြီးဖိနှိပ်ထားရင် ဘယ်အရာမဆို ရုန်းကန်ပေါက်ကွဲတတ်တဲ့သဘောရှိစမြဲမို့.. Sexual Orientation (လိင်စိတ်တိမ်းညွှတ်မှု) ဟာ အချိန်တန်တော့ ဘူးပေါ်သလို ပေါ်လာတဲ့အခါ.. မဖြစ်သင့် မဖြစ်အပ်တဲ့ လူမှုရေးပြသာနာတွေ ပေါ်ပေါက်လာရပါတော့တယ်။ လောလောဆယ် Gayright အကြောင်း အာရိုက်နေတာကိုခဏရပ်ပြီး Movie ဘက်ကို ခြေဦးပြန်လှည့်ပါမယ်။ Gayright တွေကို Media က တဆင့်.. နည်းလမ်းအသွယ်သွယ် နဲ့ ပညာပေးကြတဲ့အထဲမှာ Movieတွေ Song တွေဟာလဲ တခန်းတကဏ္ဍက အရေးပါ အရာရောက်တယ်ဆိုတာ Apple CEO Tim Cook ရဲ့ itune Free download song list ကို ကြည့်ရင် သိသာနိုင်ပါတယ်။ သက်တံ့ရောင်လွှမ်းတဲ့ ရုပ်ရှင်ကားတွေဟာ လူ့အခွင့်အရေးမြတ်နိုးသူတွေကြားထဲမှာလဲ အတော်လေးကိုရေပန်းစားခဲ့ကြပါတယ်။ ဥပမာ Hollywood မှာဆိုရင် Brokeback Mountain ခုနောက်ပိုင်းမှာ Blue is the warmest color လို ဇါတ်ကားမျိုးတွေ၊ အရှေ့တိုင်းမှာ ဆိုရင်..Korea မှာ. Boys Over Flower၊ Thailand မှာ 1448 Love among Us. Love Love you, Love is coming အစရှိတဲ့ဇါတ်ကားတွေဟာ အထင်ကရ ဖြစ်ခဲ့ပါတယ်။
ခု The King and The Clown ဇါတ်ကားဟာ.. 2005 ခုနှစ်မှာ.. ထွက်ရှိခဲ့ပြီး
Best Selling film တစ်ခု အဖြစ် အခိုင်အမာရပ်တည်ခဲ့ပါတယ်။ ရက်သတ္တပါတ် ၇ ပါတ် ကျော်တဲ့အချိန်အထိ လက်မှတ်အစောင်ရေ.. 12သန်းကျော်ထိ ရုံဝင်အားကောင်းခဲ့ပြီး Korea ရုပ်ရှင်သမိုင်းကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ထိပ်တန်း ရုပ်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်။ အနောက်တိုင်းမှာ Brokeback Mountain ၊ အရှေ့တိုင်းမှာ The King and The Clown လို့ ဆိုရမှာပါပဲ။
၁၄ ရာစု အချိန်ကာလကို နောက်ခံထားပြီး.. Jang-Sang နဲ့ Gong-jil ဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဟာ နယ်လှည့်လူရွှင်တော်တွေအဖြစ် ဘ၀ကို ထိန်းကျောင်းနေရတဲ့သူတွေ ဖြစ်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ကနေ ခပ်နွဲ့နွဲ့ နေထိုင်တတ်တဲ့ Gong-jil ကြောင့် သူတို့ရဲ့ Relationship ဘယ်လို ကူးပြောင်းသွားတယ်ဆိုတာကို လှလှပပလေးရိုက်ကူးပြထားပါတယ်။ အတတ်နိုင်ဆုံး အတိုချုံးပြောရရင်... သူတို့နှစ်ယောက်ရဲ့ ဘုရင်ကို သရော်တော်တော် ပျက်လုံးတွေကြောင့်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတော့တယ်။ အခြားသော တိုင်းသူပြည်သားတွေကို.. ရွှင်မြူးလာအောင် လုပ်နိုင်သလို.. ဘုရင်ကို ဟဒယဆေး မတိုက်ကျွေးနိုင်ရင်.. သေစားသေစေ ဆိုတဲ့သဘောနဲ့ ပြစ်ဒါဏ်ချမှတ်ခဲ့ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အင်မတန်ချစ်ခင်တဲ့ သူတို့ couple အတွက်.. ဒီအပြစ်ဒါဏ်က လွတ်အောင်ရုန်းနိုင်ပါ့မလား၊ သူတို့ နှစ်ယောက်ကြားထဲမှာ ဘုရင်ကြီးက ဘယ်လို အခန်းကဏ္ဍက ပါဝင်လာမလဲ ဆိုတာ ... ဆက်လက်ခံစားကြည့်ရှုကြပါခင်ဗျ။ ဒီ Movie ဟာ Romantic movie တစ်ခုထက်သာမက လူ့အသိုင်းအ၀ိုင်းရဲ့ တုံ့ပြန်မှု အသွားအလာတွေ၊ စိတ်လှုပ်ရှားစရာ လူ့စိတ်သဘာဝ တွေ နဲ့ ယက်ဖောက်ထားတာမို့ ... သူတို့ နိုင်ငံမှာ Best selling စာရင်းဝင်ခဲ့တာ ဇါတ်လမ်းကို ကြည့်ရှုပြီးရင် ထူးပြီးအံ့သြနေတော့မှာ မဟုတ်ပါဘူး။
Korea ဇါတ်လမ်းတွဲတွေ၊ Movie တွေကို သိပ် နှိုက်နှိုက်ချွတ်ချွတ် ကြည့်လေ့ မရှိတဲ့သူတွေဆိုရင် ဒီကားလေးက စပြီး လေ့လာကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံး သရုပ်ဆောင်မှုနဲ့.. ပညာသားပါပါ ရိုက်ချက်တွေကို အတုယူစရာ ရှုမြင်ကြရမှာဖြစ်ပါတယ်။ ယောက်ျားလေးတွေအတွက် သိပ်မထူးဆန်းတဲ့ scene တွေ ဖြစ်နေပေမယ့် မိန်းကလေးတွေအတွက်ဆိုရင်တော့ ၁၈+ scence တွေ ပါဝင်တယ်ဆိုတာကိုတော့ စကားချပ်အနေနဲ့ ထည့်သွင်းအသိပေးလိုက်ပါတယ်ခင်ဗျာ။
ဇါတ်လမ်းရဲ့ မူရင်း Diaglogue တွေဟာ လှပပြီး အရမ်းအနုစိတ်တာမို့ .. GC ပရိသတ်ကြီး အနှစ်သာရမပျက်ရအောင် ကျွန်တော်တို့ရဲ့ Translator hTaG မှ.. ရင်နင့်ခံစားပြီးကျကျနန ဘာသာပြန်ဆိုထားပေးတာမို့... မူရင်းအရသာမပျက်ခံစားရမှာပါ။
အကောင်းဆုံးအရည်အသွေးအဖြစ် တင်ဆက်ပေးသူကတော့ Encoder ကြီး
Sai Ko Ko ဖြစ်ပါတယ်ခင်ဗျ။..
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Imdb Rating - 7.5/10
Reviewed by - Sugar
Translated by - hTaG
Encoded by - Sai KO KO
Quality & Size -720P HD Rip 



Pcloud Dowload Link 800MB

Adventure in Babby Sitting (2016) မြန်မာစာတန်းထိုး





'မင်္ဂလာမနက်ခင်းလေးပါ goldchannelပရိသတ်ကြီး 'နိုးနေကြပြီလားဟင်😍😍

ဒီမနက်ခင်းလေးအတွက် ရယ်ရင်အသက်ပိုရှည်တယ်ဆိုလို့ အသက်ပိုရှည်ပြီး လန်းဆန်းသွားအောင် 2016ထွက်ဟာသကားကောင်းလေးတခုကို ရွေးချယ်တင်ဆက်ပေးလိုက်ပါပြီ။ဒီကားလေးမှာ ပရိသတ်တို့ခံစားစေရမှာကတော့ ကလေးထိန်းတွေအလုပ်ဘယ်လောက်တောင်ခက်ခဲလဲဆိုတာကိုပါပဲ😜😜

ဇာတ်လမ်းပုံစံလေး ကjenny နဲlolaဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးနစ်ရောက် အမူအကျင်တွေမတူကြသော်လည်း ဓာတ်ပုံရိုက်ဝါသနာချင်းကတူကြတယ်။ဓာတ်ပုံဆရာဖြစ်ဖို့ interviewဖြေရင်းနစ်ယောက်ဆုံမိရာ မတော်တဆ အချိုရည်ဘူးမောက်သွားလို့ဖုန်းကောက်ရင်း တယောက်နဲတယောက်ဖုန်းတွေမှားသွားကြတယ်ပေါ့။jennyဆီသို့ ကလေးထိန်းအလုပ်ခန့်ဖိုဖုန်းဝင်လာတယ် အဲချိန်မှာlolaကလည်း ကားအဖမ်းခံထားလို့လျော်ရမယ်အချိန် ။မတက်နိင်ဆုံးjennyသယ်ချင်းအဖြစ်ဟန်ဆောင်ပြီးကလေးထိန်းဝင်လုပ်ခဲ့တယ်။နောက်ပိုင်းမှာ ကလေးသုံးယောက်ထဲကအကြီးကောင် အိမ်ကခိုးထွက်လို့ရှာရင်း အမှတ်မထင်လူဆိုးဂိုဏ်းကပြန်ပေးဆွဲမူတခုကို ဓာတ်ပုံရိုက်မိရာမှ လူဆိုးများသူတို့နောက်ကို လိုက်ကြပုံ ကလေးတွေရဲ့ ပြောစကားနားမထောင် လုပ်ချင်ရာလုပ်ကြပုံတွေကို ကြည်ပြီး အူလိမ်အောင်ရယ်ရစေမယ် comedyဟာသကားလေးပါ။မနက်ခင်းရဲ့ အစလေးကိုဟာသကားလေးနဲဖြတ်ကျော်နိင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

imbd 6.1ရထားပြီး  ဒီကားထဲမှာအဆိုတော်မင်းသမီးချောလေး နစ်ယောက်  sabrina carpenter နဲ့sofia carsonတို့ပါဝင်ထားပါတယ်လို့ထပ်လောင်းပြောပါရစေ။

(ရွှင်လမ်းချမ်းမြေကြပါစေ)

Translate by Wai Lin Htet Aung
--------------------------------------------------
Encoded by Hein Min Htet
-----------------------------------------
quanlity= Hd bluray



**Watch and Download link ( 670mb)**

Love Forcast (2015) မြန်မာစာတန်းထိုး

      မင်္ဂလာပါ GC ပရိသတ်ကြီးခင်ဗျ။ K-drama တွေ အစဉ်တစိုက်အားပေးနေကြတဲ့ပရိသတ်ကြီးအတွက်.. Love Forecast (2015) ကို ရွေးချယ်ထားပါတယ်ခင်ဗျ။ ခုလက်ရှိ FB ပေါ်က စကားနဲ့ပြောရရင် Cele တစ်ယောက်ရဲ့ နောက်ကွယ်က သရုပ်အမှန် ၊ သံယောဇဉ်ကြိုးဇါတ်လမ်းအချိတ်အဆက်လေးတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ တမျိုးလွမ်းစရာကောင်းအောင် ရိုက်ကူးထားတာဖြစ်ပါတယ်ခင်ဗျ။
    ကျွန်တော်တို့ GC fan တွေထဲမှာ..  ငယ်ကတည်းက ကြိတ်ကြွေခဲ့ရပြီး ခုအရွယ်ထိ Friendzone ထဲမှာ ပိတ်မိနေသူတွေ ရှိနေရင် ဒီ Love Forecast က ငိုချက်ရက် လက်တို့ ဖြစ်နေမှာအမှန်ပဲဗျို့။  :P  Mood of the day မင်းသမီးMoon Chae-won ရဲ့ သွက်လက်တဲ့ အမူအရာတွေ တွေနဲ့ ဒီ Loveforecast မှာ ဂင်ယောင်းနုဟာ.. မိုးလေ၀သ အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့အပြင်.. သူမရဲ့အသွင်အပြင်ကြောင့် နာမည်ကျော်ကြားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် မထင်ရတာတစ်ခုက သူမဟာ.. နှုတ်သီးကောင်းလျှာပါးတစ်ယောက်ဖြစ်တဲ့အပြင်.. အလွန်အကျွံ အသောက်ကြူး သူတစ်ယောက်လဲ ဖြစ်နေတာပါပဲ။ သူမမှာ. ငယ်စဉ်ကလေးဘ၀ကတည်းက ..ခင်တွယ်လာရတဲ့ ဂန်ဂျွန်ဆူး ဆိုတဲ့ကျောင်းဆရာလေးတစ်ယောက်ရှိပါတယ်။ ဂျွန်ဆူဟာ ဘယ်လိုပဲ နေနေ အချစ်ကံခေတဲ့အတွက်ကြောင့်မို့.. ယောင်းနုကိုတကယ်ချစ်ခင်ပေမယ့်လဲ.. ဝေးကွာခဲ့ရပါတယ်။
       ယောင်းနု တစ်ယောက်အတွက်တော့ ဂျွန်ဆူကို friendzone ရဲ့ အပြင်ကို ကျော်လို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။ တကယ်တမ်း... ယောင်းနုမှာ..  အခက်အခဲတွေ ကြုံလာရတဲ့အခါတိုင်း ရှိနေပေးတတ်ခဲ့တဲ့... ဂျွန်ဆူ နဲ့ ယောင်းနု ရဲ့ တကယ့် ဖူးစာရှင်အစစ်ကဘယ်သူလဲ.. နောက်ထပ် ယောင်းနုရဲ့.. တခြား ရင်ခုန်သံတွေက ဘာတွေဖြစ်မလဲဆိုတာ.. ဆက်လက်ရှုစားကြည့်ပါခင်ဗျ။
     Imdb rating 6.3 နဲ့ နေရာတစ်နေရာ ရယူထားတဲ့ Love Forecast ကိုGC ရဲ့ အမာခံ မ Winnie Ngoon မှ ဘာသာပြန်ဆိုထားပြီး Encoder Sir Hein Min Htet မှ.. quality အပြည့်နဲ့ တင်ဆက်ကြောင်းပါခင်ဗျာ။

[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Imdb Rating - 6.3/10  Genre - Comedy, Drama
Quality & Size   BRrip 720p 800 MB
Translated by  - Winnie Ngoon
Encoded by     - Hein Min Htet
Reviewed by    - Sugar 

Watch & Download HD 800MB

Heart Attack (Aka) Free Lance (2015) မြန်မာစာတန်းထိုး



Imdb Rating 8.2
ဒီတစ်ခေါက်တော့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ ထိုင်းဇာတ်ကားလေး ‘Heart Attack’ (‘Freelance’) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို
ဒါရိုက်တာ Nawapol Thamrongrattanarit က ရိုက်ကူးထားတာဖြစ်ပြီး Thailand’s 2016 National Film Awards ဆုကိုလည်းရရှိထားပါတယ်။
ဒီဇာတ်ကားလေးဟာ ပညာပေးကစားလေးဖြစ်ပြီး ဒရာမာဆန်ဆန်ရိုက်ကူးထားတဲ့ကားလေးပါ။ လူရယ်လို့ဖြစ်လာပြီဆိုရင်၊ လူ့အသိုင်းအ၀ိုင်းကိုရောက်
လာပြီဆိုရင် အလုပ်လုပ်ကြရမှာပါ။ ဒါပေမဲ့ အတော်များများဟာ အသက်ရှင်ဖို့အလုပ်လုပ်တာလား၊ အလုပ်လုပ်ဖို့ အသက်ရှင်တာလားမသဲကွဲကြပါဘူး။
ငွေကြေးအတွက် အသက်ရှင်သူတွေဟာ အလုပ်ကိုဦးစားပေးလွန်းပြီး မိသားစုဘ၀တွေ၊ ပြင်ပလူနေမှုစရိုက်တွေကို စတေးလိုက်ရတာတွေရှိကြပါတယ်။
အခုဇာတ်ကားလေးကတော့ ဒီလိုလူတွေအတွက် ဘ၀မှာဘယ်လိုရပ်တည်ရမလဲ။ အလုပ်ကိုဦးစားပေးလွန်းရင် ဘာတွေဆုံးရှုံးသွားရမလဲဆိုတာ
ပညာပေးခဲ့တဲ့ ဇာတ်ကားလေးပါ။
ဒီဇတ်ကားလေးထဲမှာ ယွန်းဟာ အလုပ်ကြိုးစားလွန်းတဲ့ graphics designer တစ်ယောက်ပါ။ အလုပ်လုပ်ရမယ်ဆို ထမင်းမေ့ ဟင်းမေ့
လုပ်တတ်ပြီး ဘဏ်ကပိုက်ဆံတွေတောင်သွားမထုတ်နိုင်တဲ့အထိ အလုပ်များသူပါ။ ၅ရက်လောက်ထိတောင်မအိပ်ဘဲ အလုပ်လုပ်တတ်တဲ့ယွန်းကို
အလုပ်ရှင်တွေသဘောကျတာမဆန်းပါဘူး။ သူက အလွတ်တန်းတစ်ယောက်ဖြစ်လို့ ၀န်ထန်းလုပ်သူတွေထက်ပိုကြိုးစားရပါတယ်။ အလုပ်အပ်တဲ့သူတွေ
ကျေနပ်အောင်လုပ်ပေးလွန်းတဲ့ယွန်းဟာ မအိပ်မနေအလုပ်လုပ်လွန်းတော့ နောက်ပိုင်းမှာ ရောဂါဆန်းတစ်ခုကို ရရှိလာပါတော့တယ်။ အဲဒီနောက်မှာတော့
မဖြစ်မနေဆေးရုံသွားရတော့မယ့်ယွန်းဟာ နောက်ဆုံးမှာတော့ ပြည်သူ့ဆေးရုံက ဆရာမလေး ချွန်နီကန်ရဲ့ အရေပြားရောဂါဋ္ဌာနမှာ ပြသဖို့ဖြစ်လာပါ
တော့တယ်။ အလုပ်ကလွဲပြီးဘာကိုမှစိတ်မ၀င်စားတဲ့ ယွန်းဟာ အလုပ်ပျက်မှာစိုးလို့ ဆရာမလေးပေးတဲ့အိပ်ဆေးကိုတောင်မသောက်ပါဘူး။ ဒီတော့
ရောဂါကလည်း တစ်နေ့တစ်ခြားပိုဆိုးလာပြီး အသက်ကိုတောင်ဒုက္ခပေးနိုင်တဲ့အနေအထားကိုရောက်လာပါတော့တယ်။ အဲဒီအချိန်မှာတော့
နှလုံးသားကိုဆွဲကိုင်လှုပ်စေမယ့် ဆရာမလေးရဲ့ စကားတစ်ခွန်းကြောင့် ယွန်းဟာ ကျန်းမာအောင်နေထိုင်မယ်လို့ ဆရာမလေးကိုကတိပေးလိုက်ပါတော့
တယ်။ အဲဒီကစလို့ အလုပ်ကိုပစ်ပြီး လူနေမှုဘ၀ကိုဦးစားပေးလာတယ်။ သူငယ်ချင်းတွေနဲ့တွေ့တယ်။ ကမ်းခြေသွားတယ်။ ပေါ့ပေါ့ပါးပါးနေတယ်။
အိပ်ရေး ၀၀အိပ်တယ်။ ဒီလိုနဲ့ ယွန်းဟာ ကျန်းမာတဲ့သူတစ်ယောက်ပြန်ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ မထင်မှတ်ဘဲခံစားမိတာက ဆရာမလေးကို ရင်ခုန်သွား
ခဲ့တာပါ။ ရောဂါပျောက်သွားတော့ ဆေးရုံလည်းမသွားရ။ ဆရာမလေးနဲ့လည်းတွေ့ချင်တဲ့အချိန်မှာ ယွန်းဟာ သူငယ်ချင်းအကြံပေးချက်အတိုင်း
ဆေးရုံပြန်သွားရဖို့ မတည့်တာတွေပြန်စားပြီး ရောဂါဖြစ်အောင်နေပါတော့တယ်။ တစ်ဖက်မှာလည်း ယွန်းအနေနဲ့ အလုပ်တွေကိုပစ်ပြီး
ဆရာမလေးစကားနားထောင်နေချိန်မှာ သူ့အလုပ်တွေဟာ ဂျက်ဆိုတဲ့လူငယ်လေးဆီရောက်သွားပါတယ်။ အလုပ်တွေဖိလုပ်နေတုန်းက လူမှုရေးခေါင်း
ပါးခဲ့တဲ့ယွန်းဟာ လူမှုရေးတွေလုပ်ချိန်မှာတော့ အလုပ်မရှိဖြစ်သွားခဲ့ပါပြီ။ လူနေမှုဘ၀ကို မချိန်ညှိနိုင်တဲ့ယွန်းဟာ ရောဂါပြန်ဖြစ်ဖို့ကြိုးစားနေရင်း အရမ်း
တန်ဖိုးရှိတဲ့အလုပ်ကို လက်ခံခဲ့ပါတယ်။ လနဲ့ချီပြီးလုပ်ရမယ့်အလုပ်ကို ရက်အနည်းငယ်နဲ့ပြီးအောင်လုပ်ဖို့လက်ခံခဲ့ပြီး ၁၂ရက်တိတိမအိပ်ဘဲ အလုပ်လုပ်ပါ
တော့တယ်။ တစ်ဘက်ကလည်း မတည့်တာတွေပြန်စားချိန်၊ တစ်ဘက်ကလည်း အလုပ်ကိုဖိလုပ်ချိန်မှာတော့ ယွန်းဟာ သေလုမျောပါးဖြစ်တဲ့အထိဖြစ်
သွားခဲ့ရပါတယ်။ သူဟာ ဆရာမလေးကိုသတိရတဲ့စိတ်ကိုဖျောက်ဖို့ အလုပ်ဖိလုပ်ခဲ့တာဖြစ်ပြီး သေအံ့ဆဲဆဲအချိန်မှာတော့ အလုပ်ကြောင့် မိဘကိုပစ်ထား
ခဲ့မိတာတွေ၊ သူငယ်ချင်းတွေနဲ့ သူစိမ်းဆန်ခဲ့တာတွေ၊ လက်တွဲဖော်တစ်ယောက်တောင်မရှိခဲ့တာတွေ၊ သူ့အမေခိုင်းထားတဲ့ ဓာတ်ပုံလေးပြင်ဖို့ကိုတောင်
ပစ်ထားခဲ့မိတာတွေကိုတွေးမိပြီးနောင်တရလာပါတော့တယ်။ အဲဒီမှာတော့ သူဟာ ဆေးရုံကိုတစ်ကျော့ပြန်ရောက်သွားပြီး သူ့ကိုစိတ်ပူတတ်တဲ့
ဆရာမလေးနဲ့ပြန်တွေ့ချိန်မှာတော့ ...........။
ဇာတ်ကားလေးရဲ့ရင်နင့်ဖွယ်ဇာတ်သိမ်းလေးကိုခံစားချင်ရင်တော့ ကိုယ်တိုင်ဆက်ကြည့်ဖို့ပဲ တိုက်တွန်း ချင်ပါတယ်။ ဒီဇာတ်ကားလေးဟာ
နှလုံးသားရေးကတစ်ဘက်၊ အလုပ်ကတစ်ဘက်၊ လူမှုရေးကတစ်ဘက် အားပြိုင်တဲ့ဇာတ်ကားမျိုးလေးဖြစ်ပြီး မင်းသမီး ကလည်း နာမည်ကျော် Pee Mak
ဇာတ်ကားထဲက မင်းသမီးချောလေး Davika Hoorne ဖြစ်လို့ သရုပ်ဆောင်မှုပိုင်းမှာလည်း အပြစ်ပြောစရာမရှိပါဘူး။ ဒီဇာတ်ကားလေးကို
အလုပ်ကြောင့်မအားလပ်ဘဲ မိသားစုကိုပစ်တတ်တဲ့လူတွေအတွက် မိသားစုကိုတန်ဖိုးထားချင်စိတ်ကိုဖြစ်သွားစေမှာဖြစ်ပြီး၊ အလုပ်
မလုပ်ချင်တဲ့သူတွေလည်း ဘ၀အားမာန်ရသွားစေမယ့်ဇာတ်ကားလေးပါ။ ထိုင်းဇာတ်ကားလေးဖြစ်တဲ့အတိုင်း ဟာသလေးနှောထားလို့ မပျင်းရသလို
ဇာတ်သိမ်းပိုင်းလေးကလည်း မျက်ရည်စို့စရာပါ။ ဟာသ၊ သူတ၊ အချစ်၊ အလွမ်း၊ ပညာပေး အားလုံးအစုံပါဝင်လို့လည်း အကောင်းဆုံးဆုနဲ့ထိုက်တန်တယ်
လို့ပြောနိုင်ပါတယ်။ Rating: 8.2 ရှိထားပြီး ၂နာရီဝန်းကျင်ရှိတဲ့ဒီဇာတ်ကားလေးကိုကြည့်လိုက်ရင် ပရိသတ်ရင်ထဲတစ်ခုခုကျန်သွားမှာဖြစ်လို့ မဖြစ်မနေ
ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။


Review & Translate by: Han Phyo Aung
Encode by: Sai Ko Ko
Quality 720P HD
Size 800MB

Header Logo

ယနေ့ရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ

Cartoon Films

Action Moves

 
Copyright © 2013. Gold Channel Old - All Rights Reserved

Distributed By Free Blogger Templates | Lyrics | Songs.pk | Download Ringtones | HD Wallpapers For Mobile

Proudly powered by Blogger